The A6X processor
A6X လို့ ခေါ်တဲ့ A6 “Extreme” ပရိုဆက်ဆာ ဆိုတာကတော့ စတုတ္ထမျိုးဆက် iPad မှာအသုံးပြုထားတဲ့
Apple ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် မိုဘိုင်း chipset ဖြစ်ပါတယ်။ ၄င်းဟာ A5X ပရိုဆက်ဆာထက် နှစ်ဆ ပိုမို စွမ်းဆောင်နိုင်ပါတယ်။ARM core များကိုအသုံးပြုထားပြီး custom SoC (system on a chip)ဖြစ်တဲ့အဆိုပါ chip-set သစ်ဟာ CPU ရဲ့ စွမ်းဆောင်ရည်ထက် နှစ်ဆပိုမိုသလို ဂရပ်ဖစ် စွမ်းဆောင်ရည် ကိုလည်း နှစ်ဆပိုမိုစေပါတယ်။
Apple ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် မိုဘိုင်း chipset ဖြစ်ပါတယ်။ ၄င်းဟာ A5X ပရိုဆက်ဆာထက် နှစ်ဆ ပိုမို စွမ်းဆောင်နိုင်ပါတယ်။ARM core များကိုအသုံးပြုထားပြီး custom SoC (system on a chip)ဖြစ်တဲ့အဆိုပါ chip-set သစ်ဟာ CPU ရဲ့ စွမ်းဆောင်ရည်ထက် နှစ်ဆပိုမိုသလို ဂရပ်ဖစ် စွမ်းဆောင်ရည် ကိုလည်း နှစ်ဆပိုမိုစေပါတယ်။
A6X ပရိုဆက်ဆာဟာ A5X
ချစ်ပ်ထက် CPU နဲ့ ဂရစ်ဖစ် စွမ်းဆောင်ရည်ကို နှစ်ဆ ပိုမိုစေတယ်လို့ Apple
ကုမ္ပဏီက ဆိုပါတယ်။တစ်နည်းအားဖြင့် ဆိုရရင် 1.4GHz dual-core A6X ဟာ 1.0GHz
dual-core A9 ကို အခြေခံ ထားတဲ့ A5X ထက် အချက်အလက် လုပ်ဆောင်မှု နှစ်ဆ
ပိုမိုတာ ဖြစ်ပါတယ်။ GPU အနေ နဲ့ PowerVR SGX554 MP4 ကိုအသုံးပြုထားပြီး
၎င်းဟာ A5X မှာပါဝင်တဲ့ PowerVR SGX 543 MP4 ထက်
စွမ်းဆောင်ရည်နှစ်ဆပိုမိုပါတယ်။ iPad 3 မှာအသုံးပြုခဲ့တဲ့ A5X ရဲ့ clock
speed ဟာ 1GHz သာရှိပေမယ့် A6X ရဲ့ CPU core များရဲ့ clock speed ကတော့
1.5GHz ရှိတယ်လို့ဆိုပါတယ်။
GPU အပိုင်းမှာတော့ အနည်းငယ် ကွဲပြားပါတယ်။ Apple ဟာ A5X မှာ SGX543 GPU core လေးခုကို အသုံးပြုထားတဲ့အတွက်၎င်းဟာ SGX543 GPU core နှစ်ခုပါဝင်တဲ့ A5 ထက်နှစ်ဆပိုမြန်တယ်လို့ဆိုပါတယ်။ A6X မှာတော့ SGX554 GPU core လေးခုကိုအသုံးပြုထားပြီး၎င်းဟာ 2040x1532 pixel Retina display ကိုပါလုပ် ဆောင်ရန်လိုအပ်တဲ့အတွက်ဂရပ်ဖစ်စွမ်းဆောင်ရည်မြှင့်တင်မှုကို အထောက်အပံမပေးနိုင်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ Apple ကတော့ A6X ဟာနှစ်ဆပိုမြန်တယ်လို့ပြောကြားထားပါတယ်။
ဒါ့အပြင် 32nm နည်းပညာနဲ့ပြုလုပ်ထားတဲ့ A6X 45nm နည်းပညာနဲ့ ပြုလုပ်ထားတဲ့ A5X ထက် စွမ်းအင်
သုံးစွဲမှုပိုမိုနည်းပါးတဲ့အပြင် iPad ရဲ့အထူနဲ့အလေးချိန်ကိုလည်းလျော့ပါးစေပါတယ်။
Produced - From October 2012 to Present
Designed by - Apple Inc.
Common manufacturer(s) - Samsung Electronics
Max. CPU clock rate - 1.4 GHz[1]
Min. feature size - 32 nm
Instruction set - ARMv7s
Microarchitecture - Swift
Product code - S5L8955X
Cores - 2
L1 cache - 32/32 kB
L2 cache - 1024 kB
Predecessor - Apple A6
0 comments:
Post a Comment